ရုပ်ရှင်နဲ့ ဗီဒီယိုလောကအတွက် မှတ် တမ်းတင်ထားရမယ့် ခြေလှမ်းသစ်တစ်ခု ဖြစ်တဲ့ ရုပ်ရှင်အစည်းအရုံးပြန်လည် ဖွဲ့စည်း ရေးအတွက် လောကသားတွေ အားလုံး တက်ညီလက်ညီနဲ့ မဲပေးရွေး ချယ်ကြရာမှာ ရလဒ်တွေအသီးသီးနဲ့ အောင်မြင်စွာ ပြီးစီးခဲ့ပါပြီ။ ရွေးကောက်ပွဲကြီးကို မတ်လ ၂၃ ရက် နေ့မှာ ဗဟန်းမြို့နယ်၊ ၀င်္ကပါလမ်းက အစည်းအရုံးတည်ရှိရာ၊ခြံဝင်းအတွင်း မှာ ကျင်းပခဲ့တာ ဖြစ်ပြီး၊မဲအဖြေလွှာတွေ ကိုလည်း ညနေပိုင်းမှာပဲ တစ်ခါတည်း ထုတ်ပြန် ကြေညာခဲ့တာ ဖြစ်ပါတယ်။

ကြိုတင်မဲ(လုံးဝ)မရှိဘဲ မဲဆန္ဒရှင် ပေါင်း ၁,၉၀၀ ကျော်ရဲ့ မဲ အဖြေ လွှာတွေ ကို တစ်ခုချင်း စင်မြင့်ပေါ်မှာ ပွင့်ပွင့် လင်းလင်း ကြေညာခဲ့တဲ့ ဒီရွေးကောက်ပွဲ က ရုပ်ရှင်အစည်းအရုံးကို လွတ်လပ်တဲ့ ပုဂ္ဂလိက အဖွဲ့အစည်း တစ်ခုအဖြစ် အသွင်ပြောင်းဖို့ ခြေလှမ်းအစဖြစ်ပြီး ကောင်းမွန်တဲ့ရလဒ် သေချာပေါက် ထွက်ပေါ်လာမယ်လို့ အနုပညာရှင် အသိုင်းအ၀ိုင်းမှ မဲဆန္ဒပြုသူတွေက ပြောကြပါတယ်။

"ရုပ်ရှင်လုပ်တာ အနှစ်သုံးဆယ်ကျော်၊ လေးဆယ်နီးပါးပေါ့နော်။ ဒီလို အများ ဆန္ဒနဲ့အညီ လွတ်လွတ်လပ်လပ် ရွေး ကောက်တာမျိုး တစ်ခါမှ မကြုံဖူးဘူး။ ရုပ်ရှင်လောကသားတွေအတွက် ၀မ်း သာစရာပေါ့။ ပြီးတော့ အင်န်ဂျီအို စစ်စစ်ပေါ့။ လွတ်လပ်ပြီး တရားမျှတတဲ့ ရုပ်ရှင်အစည်းအရုံးစစ်စစ်တစ်ခု ဖြစ် လာမယ်လို့ယုံကြည်တယ်"လို့ ဒါရိုက်တာ အလွှာအတွက် အမှုဆောင်ကိုယ်စား လှယ်ဖြစ်သလို အစည်းအရုံးသစ်ရဲ့ ဒုတိယဥက္ကဋ္ဌ တာဝန်ထမ်းဆောင်ဖို့ ရွေးချယ်ခံရတဲ့ ဒါရိုက်တာညီညီထွန်း လွင်ကမြန်မာတိုင်း(မ်)ကိုပြောပါတယ်။

သူက တကယ်တမ်း အစည်းအရုံး သစ်ဖြစ်လာရင် တာဝန်ယူရမယ့်သူတွေက အရင်ကထက် ပိုတာဝန်ကြီးလာပြီး တာဝန်ယူမယ့် သူတွေကိုယ်တိုင်ကလည်း ရှေ့ဆက်လုပ်ရမယ့်လုပ်ငန်းတွေ သင်ယူရဖို့ လိုမယ်လို့ ဆိုပါတယ်။

"လူဟောင်းတွေကလည်း တွဲခေါ်ရ မယ်လေ။ နည်းပေးလမ်းပြလုပ်ပေးဖို့ အချိန်တိုသင်တန်းတွေကအစ စီစဉ် ထားပါတယ်။ ဘာလို့ လဲဆိုတော့ ချုပ်ကိုင် မှုမရှိရင် ပိုလွတ်လပ်ပြီးတော့ လုပ်ငန်း ကိုင်ငန်းတွေလည်း ကောင်းသွားမှာပေါ့။ မကောင်းတဲ့အချက်ကတော့ လွတ်လပ် တဲ့အချိန်မှာ စည်းကမ်းမရှိရင်တော့ ပရမ်းပတာဖြစ်မှာပဲ။ ဒီမိုကရေစီမှာ တော့ ကိုယ့်တာဝန်ကိုယ်ယူရမယ်၊ စည်း ကမ်း ပိုရှိရပါမယ်"လို့ ဦးညီညီထွန်းလွင် က ပြောပါတယ်။

အစည်းအရုံးရွေးကောက်ပွဲအတွက် အလွှာ ၁၀ လွှာ သတ်မှတ်ထားပြီး အလွှာအသီးသီးမှ မဲဆန္ဒရှင်တွေက ကိုယ်နဲ့သက်ဆိုင်တဲ့ အလွှာဦးဆောင် မယ့်သူကို ရွေးချယ်ကြတာဖြစ်ပြီး တစ် လွှာကို မဲဆန္ဒအများဆုံး လက်ခံရရှိသူ နှစ်ဦးကို ရွေးထုတ်ပေး တာဖြစ် ပါတယ်။ ဒါပေမယ့် ဇာတ်ပို့ဇာတ်ရံအလွှာမှာ တော့ မဲဆန္ဒရှင်ဦးရေ များပြားတာ ကြောင့် မဲပြားအများဆုံးရရှိသူ သုံးဦးထိ ရွေးချယ်ခဲ့ပြီး စုစုပေါင်းဆန္ဒပြုရွေးချယ် ခံရသူဦးရေမှာ ၂၁ ဦး ဖြစ်ပါတယ်။ အရင်က မြန်မာ့ရုပ်ရှင်အစည်းအရုံး ရဲ့ အမှုဆောင်တစ်ယောက်အဖြစ် နှစ် ပေါင်းများစွာ တာဝန်ထမ်းဆောင်ခဲ့ သလို အခုရွေးကောက်ပွဲမှာလည်း ဒါရိုက် တာအလွှာမှာ မဲပြားအများဆုံးရရှိခဲ့တဲ့ ဦးမျိုးဇော် အောင်က ခိုးကူးခွေနဲ့ ဆင်ဆာ စိစစ်ရေးတွေကို အလွှာတစ်ခုချင်းစီ အလိုက် သေသေချာချာ ဆွေးနွေးလုပ် ဆောင်သင့်တယ်လို့ အကြံပြုပါတယ်။

"အစည်းအရုံးသစ်အတွက် ပြင်ဆင် စရာတွေကို ဦးတို့ အစည်းအဝေးတွေ အကြိမ်ကြိမ်လုပ်ထားပါတယ်။ အလွှာ အသီးသီးနဲ့ တိုင်ပင်ပြီး ကွာဟမှုတွေ မဖြစ် အောင်တဖြည်းဖြည်းချင်းလုပ်ဆောင် သွားရမှာပါ။ အရင်ဆုံးအနေနဲ့ကတော့ ခိုးကူးခွေကိစ္စကို နှိမ်နှင်းဖို့နဲ့ စတူဒီယို တွေ ဆောက်လုပ်ဖို့ပါ။ ဘာကြောင့်လဲဆို တော့ ရုပ်ရှင်လောကအတွက် စတူဒီယို တွေ ကွယ်ပျောက်နေတာ နှစ်အတော် ကြာပြီလေ"လို့ ဦးမျိုးဇော်အောင်က ပြောပါတယ်။

"အလွှာစုံညီညွတ်ရေးကတော့ ဒီ အစည်းအရုံး တိုးတက်ရေးအတွက် နံပါတ်တစ်အရေးကြီးတာပါ။ အခုအစ ကနေ ပြန်လုပ်တဲ့အခါမှာ အခက်အခဲ တွေအများကြီး ကြုံရမယ်ဆိုတာ အားလုံး သိပါတယ်။ ဒါပေမယ့် ရိုးသားမှန်ကန်ပြီး အလုပ်ကြိုးစားသွားမယ်ဆိုရင်တော့ အခက်အခဲတွေကို ကျော်ဖြတ်နိုင်မယ်လို့ ယုံကြည်ပါတယ်"လို့လည်း သူက ပြောပါ တယ်။

ဇာတ်ညွှန်းအလွှာမှာ မဲနိုင်သူတစ်ဦး ဖြစ်တဲ့ ဦးအေးကြူလေးကတော့ အစည်း အရုံးအတွက် ရန်ပုံငွေတွေရှာပြီး အရင် က ရပ်တန့် ထားတဲ့ ရုပ်ရှင်သမိုင်းပြတိုက် နဲ့ အစည်းအဝေးခန်းမကိစ္စတွေကို ပြန် လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

"အရင်က အစည်းအရုံးကနေ ဂျာနယ် အစောင် ၄၂၀၊ မဂ္ဂဇင်း ၁၂၅ အုပ်အထိ ထုတ်ဖူးတယ်။ နောက်ပြီး ဘောလုံး အသင်းတွေလည်း ရှိတယ်။ ရန်ပုံငွေတွေ ရခဲ့တယ်လေ။ အခုအဲဒါတွေ ပြန် အကောင် အထည်ဖော်ချင်တယ်"လို့ဆို ပါတယ်။ ဒီရွေးကောက်ပွဲအတွက် ဘယ်လိုမဲ ဆွယ်စည်းရုံးမှုမျိုးမှ မလုပ်ခဲ့ဘူးဆိုတဲ့ ဦးအေးကြူလေးက ၂၀၀၅ ခုနှစ်က ကျင်းပတဲ့ အစည်းအရုံးရွေးကောက်ပွဲ မှာလည်း မဲနိုင်ခဲ့ဖူးပါတယ်။ "လူတွေက ဘယ်သူဘယ်လောက် အလုပ်လုပ်တယ်။ အလုပ်ပေါ်မှာ ဘယ် လောက် စေတနာထားတယ်ဆိုတာ သိ ကြပါတယ်။၂၀၀၅ ခုနှစ်မှာလည်း မဲနိုင် ခဲ့ပေမယ့် နောက်နေ့ကစပြီးအကြောင်း အမျိုးမျိုးကြောင့် အမှုဆောင်အဖွဲ့က နေနှုတ်ထွက် ခဲ့တယ်။ ဒါပေမယ့် အခု တော့ အလုပ်ပြန်ဝင်ဖို့ အဆင်သင့်ဖြစ် နေပါပြီ"လို့ ဦးအေးကြူလေးက ဆိုပါ တယ်။

2012.03.26 MyanmarTimes Election heralds new era for film sector

2012.03.26 MyanmarTimes Election heralds new era for film sector