"ကျနော်တို့ ယုံကြည်ချက်နဲ့ ပြန်တာပါ၊ ကျနော်တို့ကလည်း လက်ရှိ အစိုးရသစ်ကို ယုံကြည် သလို၊ အစိုးရသစ်ကလည်း ကျနော်တို့ကို ယုံကြည်မှာပါ၊ အဲဒါကြောင့် ကျနော်တို့က ဖမ်းဆီးမယ်လို့ တွေးလည်း မတွေးပါဘူး၊ ထင်လည်း မထင်ဘူး" ဟု သီးလေးသီး အဖွဲ့မှ လူရွှင်တော် ဂေါ်ဇီလာက ဧရာဝတီသို့ ပြောသည်။

သီးလေးသီးနှင့်ဆေးရောင်စုံအငြိမ့်ကို ၂၀၀၃ ခုနှစ်တွင် တည်ထောင်ခဲ့သော မြစ်ကြီးနားထောင်ရောက် လူရွှင်တော် ဇာဂနာအား ထောင်ဝင်စာ သွားရောက်တွေ့ဆုံရေးအတွက် ကြိုးစားမည်ဟု ဂေါ်ဇီလာက ပြောသည်။

ထိုင်းနိုင်ငံ ချင်းမိုင် လေဆိပ်မှ အဲပုဂံ လေကြောင်းလိုင်းဖြင့် ပြန်သွားကြပြီး ရန်ကုန်မြို့ နေအိမ်အသီးသီးသို့ ချောမောစွာ ရောက်ရှိသွားကြသူများမှာ ခေါင်းဆောင် မင်းသမီး ချောစုမျိုး၊ လူရွှင်တော်များဖြစ်သည့် ဂေါ်ဇီလာ၊ စိန်သီး၊ ဇီးသီးတို့ ဖြစ်သည်။ ယခုအချိန်အထိ အာဏာပိုင်တို့က ၎င်းတို့ကို စစ်ဆေး မေးမြန်းမှု မရှိကြောင်း သိရသည်။

လုပ်ငန်းကိစ္စများ မပြီးပြတ်သေးသောကြောင့် ပြန်တော်မပြန်သေးဘဲ ထိုင်းနိုင်ငံတွင် ဆက်လက် နေထိုင်နေကြသူများမှာ မင်းသမီး မြစပယ်ငုံ၊ လူရွှင်တော် ၂ ဦးဖြစ်သည့် ကြယ်သီး၊ ပန်းသီးတို့ ဖြစ်သည်ဟု ဆိုသည်။ သမ္မတ မိန့်ခွန်း ပြောလိုက်ပြီဆိုတာကတော့ နိုင်ငံပေါင်းစုံပေါ့နော် အကုန်လုံးက သိကြပြီလေ၊ ဆိုတဲ့ အခါကျတော့ ခေါင်းဆောင်တယောက် အနေနဲ့ ဒီလို ပြောတာကို ယုံကြည်တယ်၊ ကိုယ့်ယုံကြည်မှုနဲ့ ကိုယ်ပြန်တာ" ဟု ဆိုသည်။

အစိုး၏ ကမ်းလှမ်းချက်ကို အကြွင်းမဲ့ မဟုတ်သော်လည်း အတိုင်းအတာ တခုအထိ ယုံကြည်သဖြင့် ပြည်တော်ပြန်ခြင်း ဖြစ်သည်ဟု လူရွှင်တော် စိန်သီးကပြောသည်။

"အခု လုပ်နေတာတွေဟာ သူတို့ကို ကျနော်တို့က စော်ကားနေတာလည်း မဟုတ်ဘူး၊ ကျနော်တို့ ပြက်လုံး တွေဟာ၊ သူတို့ကို သေနတ်နဲ့လည်း ပစ်နေတာလည်း မဟုတ်ဘူး၊ သူတို့ကို ခြိမ်းခြောက်နေတာလည်း မဟုတ်ဘူး၊ ကျနော်တို့ အနုပညာနဲ့ တင်ပြနေတာ။ သူတို့က ကမ်းရင် ကျနော်တို့က လက်ကလေး လှမ်းပေးရမှာပဲ" ဟု သီးလေးသီး လူရွှင်တော် စိန်သီးက ဧရာဝတီကို ပြောသည်။

သီးလေးသီးအဖွဲ့သည် ၂၀၀၇ ခု နှစ်ဒီဇင်ဘာလတွင် ပြည်ပသို့ ထွက်ကာ မလေးရှား၊ စင်ကာပူ၊ ကိုးရီးယား၊ ဂျပန်၊ အမေရိကန် တို့တွင် သွားရောက် ဖျော်ဖြေခဲ့ပြီနောက် ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ နေထိုင်ခဲ့ကြသည်။

ပြည်ပတွင် အငြိမ့်ကစဉ် အစိုးကို ဝေဖန်သည့် ပြက်လုံး အများအပြား ထုတ်ခဲ့ပြီး မြန်မာပြည်ပြန်လျှင် အရေးယူခံရမည်ကို စိုးရိမ်သဖြင့် ထိုင်းနိုင်ငံတွင် နှစ်အတန်ကြာ နေထိုင်ခဲ့ခြင်း ဖြစ်သည်။

အရေးယူခံရမည်ကို စိုးရိမ်သဖြင့် ပြည်ပနိုင်ငံများတွင် ခိုလှုံနေသော မြန်မာပြည်သား အများအပြား ရှိသည်။

2011.09.12 The Irrawaddy - Exiled Comedy Troupe Returns to Burma

Burmese version Bur မြန်မာ 2011.09.12 The Irrawaddy

2011.09.12 DVB - exiled comedians return home

Burmese version Bur မြန်မာ DVB - exiled comedians return home