နယူးဒေလီ (မဇ္ဈိမ) ။ ။ အမေရိကန်ရောက် မြန်မာများက မြန်မာပြည်တွင်း စေတနာ့ဝန်ထမ်း လူမှုရေး လုပ်ငန်းများ၌ ကိုယ်ကျိုးစွန့် ဆောင်ရွက်နေသူများကို ပေးအပ်မည့် ပြည်သူ့ဂုဏ်ရည်ဆုပေးပွဲအတွက် ဆန်ခါတင် ၅ ဦး အမည်စာရင်း ထုတ်ပြန်လိုက်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ လူမှုအထောက်အကူပြုအဖွဲ့၊ အကျဉ်းကျခံ ဟာသပညာရှင် ဇာဂနာ (ခေါ်) ဦးသူရ၊ တောင်ဒဂုံရှိ HIV/AIDS ဝေဒနာရှင်များကို ကူညီသူ မဖြူဖြူသင်း၊ နိုင်ငံရေးအမှုများအတွက် အခမဲ့ လိုက်လံကူညီသူ ရှေ့နေဦးရန်နိုင်အောင် (ခေါ်) ဦးဖိုးဖြူနှင့် အကျဉ်းစံ သံဃာတော်များနှင့် သီလရှင်များကို ထောင်ဝင်စာ လိုက်တွေ့သူ ဒေါ်ရှုတို့ ဖြစ်သည်။

“ကျနော်တို့ မဲပေးတယ်ဆိုတာက လူမှုရေး ပြည်သူ့ဂုဏ်ရည်ဆုရှင်အတွက် ဆန္ဒမဲများကို www.citizenofburma.org တွင် ထည့်သွင်းနိုင်ပြီး၊ ဆုရရှိသူကို မေလ ၁၅ ရက်နေ့၌ အမေရိကန်နိုင်ငံ ဆန်ဖရန်စစ္စကိုမြို့တွင် ကျင်းပမည့် ဂုဏ်ပြုပွဲအခမ်းအနား၌ ကြေညာသွားမည်

လုပ်ငန်းတွေကို လုပ်တဲ့နေရာမှာ ကိုယ်ကျိုးစွန့်လွှတ် အနစ်နာခံနိုင်မှု၊ နောက် ကျယ်ပြန့်ထိရောက် အောင်မြင်မှု၊ နောက် နိုင်ငံသားများနဲ့ လူ့ဘောင်လောကအတွက် စံပြဖြစ်မှုဆိုတဲ့ အချက် ၃ ချက်ကို ၅ မှတ်စီနဲ့ ၁၅ မှတ်ထားပြီးတော့ ဂုဏ်ပြုပွဲကျင်းပရေး ကော်မတီက မဲပေးခွင့်ရှိတဲ့သူတွေက မဲပေးပြီးတော့ ရွေးပါတယ်” ဟု ဆုပေးအပ်ပွဲ ကျင်းပရေးကော်မတီ တာဝန်ရှိသူ တဦးဖြစ်သူ ကိုကျော်ဝဏ္ဏက မဇ္ဈိမကို ပြောသည်။

2011.05.03 Mizzima Short list for citizen of Burma award

Bumese version Bur မြန်မာ Short list for citizen of Burma award